Borderline

Borderline

ActionMilitaryThrillerနိုင်ငံခြားဇာတ်ကားများ
4.1M views·1 episode·7.4·Jul 17, 2026

Synopsis

ဒီကားလေးကတော့ အက်ရှင်ပါးပါးလေးပါပြီး တဖြည်းဖြည်းဇာတ်ရှိန်တက်လာမဲ့ action/thriller ဇာတ်လမ်းလေးပါ အဓိကကတော့ အထက်ကလူတွေအနေနဲ့ လိုချင်တာရလို ဘယ်လိုတွေကြိုးကိုင်ပြီး နောက်ကွယ်မှာဘယ်လို အကွက်တွေရွှေ့လဲဆိုတာကို ရိုက်ပြထားပါတယ် ဇာတ်လမ်းလေးကတော့ မက္ကဆီကိုမှာနေတဲ့ ဒီရေဂိုဟာ ဆေးကျောင်းသားဖြစ်ပြီး ဝမ်းကွဲအိမ်မှာ နေနေတုန်း ဖမ်းခေါ်ခံလိုက်ရပြီး နိုးလာချိန်မှာတော့ အမေရိကဒီစီမှာ နောက်ဖေးလမ်းကြားလေးမှာ နိုးလာပါတယ် ဖုန်းရောပိုက်ဆံအိတ်ရော ဘာမှမရှိတော့ဘဲ ကားလိုင်စင်တစ်ခုနဲ့ သေနတ်တစ်လက်သာ လက်ဝယ်ရှိနေတဲ့အခါမှာတော့ ဒီရေဂိုလည်း ဘာလုပ်ဘာကိုင်ရမှန်းမသိဘဲ ကြောင်ပျောက်ပါတော့တယ် တစ်ဘက်မှာကလည်း သူနဲ့တူတူဖမ်းခံရတဲ့ ဝမ်းကွဲကလည်း အမေရိကကို မသိဘဲရောက်လာပေမဲ့ နဂိုကတည်းက လူဆိုးဖြစ်နေတဲ့အခါသေနတ်ပါရတဲ့အချိန်မှာတော့ မျောက်အုန်းသီးရသလို အမေရိကမှာ သောင်းကျန်းပါတော့တယ်တစ်ဘက်မှာကလည်း ဒီရေဂိုတစ်ယောက် ဘာဆက်လုပ်ရမလဲမသိ လမ်းပျောက်နေတုန်း မလီနာဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး အကူညီရဖိုဖြစ်လာတဲ့အခါ….ဒီရေဂိုတစ်ယောက် ဘာဆက်ဖြစ်မလဲ ဘာဖြစ်လို အမေရိကကို ဖမ်းခေါ်ခံရပြီး ရောက်လာလဲဘယ်သူက သူ့ကိုဒီနေရာခေါ်လာလဲ ဒီကိုရောက်နေရတဲ့ ရည်ရွယ်ချက်အစစ်မှန်ကရော ဘာဖြစ်မလဲဆိုတာကတော့…