

Buddha 2: The Endless Journey
Synopsis
ဒီကားကတော့ ၂၀၁၁ထွက် "Buddha: The Great Departure" ရဲ့နောက်ဆက်တွဲထွက်ကားပါ။ ပထမကားအပြီး တောထွက်ရာကနေ သဗ္ဗညုတဥာဏ်ဆိုက်ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ဂင်္ဂါမြစ်စစ်ပွဲ၊ ကောသလနဲ့သကျသာကီတိုရဲ့စစ်ပွဲ၊ ဗိမ္မိသာရမင်းကြီးနဲ့တွေ့ဆုံခန်း၊ သာကီဝင်တွေကျဆုံးခန်းတွေကိုဝေဝေဆာဆာမြင်တွေ့ရမှာပါ။ တစ်ခုတော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကိုကျောရိုးလောက်ပဲယူထားတာဖြစ်လို ထေရဝါဒရဲ့ဗုဒ္ဓဝင်ဇာတ်နဲ့တော်တော်ကိုကွဲပါတယ်။ တချိုဇာတ်လမ်းတွေဆိုရင် အသစ်ထည့်တာတွေ၊ အချိန်ကွဲတာတွေပါပါတယ်။ ဥပမာ ကောသလက သကျသာကီတွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်းစောနေတာတိုပါ။ Animeတစ်ခုအမြင်နဲ့ကြည့်မှပဲ ကြည့်ရအဆင်ပြေမှာပါ။ နိုမိုဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် – နာမည်တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ရေးပေးထားပါတယ်
