Captain Miller

Captain Miller

Actionကုလားကားများ
468.7K views·1 episode·6.8·Jan 11, 2024

Synopsis

ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြိုသူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ် အီဆာတစ်ယောက် “ကပ္ပတိန်မီလာ” ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တိုနဲ့အတူ သောင်းကျန်းပါတော့တယ် ဗြိတိသျှဗိုလ်ချုပ်က သူတိုကို ပုန်ကန်သူတွေမဟုတ်တဲ့ လူသာမန်တွေကိုပါ သုတ်သင်ခိုင်းတာကြောင့် အပြစ်ရှိစိတ်နဲ့ ကိုယ့်ကိုယ့်ကို That Thayဖို ကြိုးစားပြီး… ရာဖစ်က တားလို ဗြိတိသျှ စစ်တပ်ကထွက်လာပြီး ရွာကိုပြန်လာခဲ့တဲ့အခါမှာ သူ့အစ်ကို Thayပြီလို သိလိုက်ရတဲ့နောက်ပိုင်း အဖိနှိပ်ခံအိန္ဒိယပြည်သူတွေဘက်ကနေ ရပ်တည်လို နယ်ချဲ့တွေကို ဘယ်လိုပြန်တွန်းလှန်မလဲ ဘယ်လို စစ်ဆင်ရေးတွေ ဆောင်ရွက်မလဲဆိုတာကိုတော့… နောက်ခံ ခေတ်အပြင်အဆင် အဝတ်အစားဒီဇိုင်းကအစ ပီပြင်အောင် သေချာရိုက်ကူးထားတဲ့ ဇာတ်ကားလေးမှာ ပရိသတ်ကြီးကပဲ တစ်ဝကြီး ဆက်လက်ကြည့်ရှုပေးကြပါဦး