

Synopsis
Tollywood လောကရဲ့ အလားအလာရှိတဲ့ မင်းသားချောလေး Roshann Mekaပါဝင်ထားပြီးတော့ ဇာတ်ပိုဇာတ်ရံကောင်းကောင်းနဲ့ ဘောကန်ရင်း တော်လှန်မဲ့ အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရချိန်မှာ တစ်တိုင်းပြည်လုံးက လွတ်လပ်ရေးအောင်ပွဲခံနေကြပေမဲ့ ဟိုက်ဒရာဘတ်ကတော့ သီးခြားရပ်တည်ဖို ကြိုးစားနေခဲ့ပါတယ်။ အဲဒီကာလမှာ နီဇမ်မင်းကြီးရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ရာဇကာတွေဟာလည်း ပြည်သူတွေအပေါ်မှာ ရက်ရက်စက်စက်ဖိနှိပ်ချုပ်ချယ်နေခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ ရာဇကာတွေရဲ့ ဖိနှိပ်မှုတွေကို ခုခံနေတဲ့ တော်လှန်ရေးသမားတွေလည်း ရှိနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ မိုက်ကယ်လိုခေါ်တဲ့ ကောင်လေးဟာ အင်္ဂလန်ကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အဖြစ်နဲ့ သွားရောက်နိုင်ဖို အိပ်မက်မက်နေတဲ့သူတစ်ယောက်ပါ။ သူဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့ စားသောက်ဆိုင်တစ်ခုမှာ စရိတ်ငြိမ်းနေရင်း အိပ်မက်တွေကို အကောင်အထည်ဖော်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ မိုက်ကယ်ရဲ့ အင်္ဂလန်ကို သွားချင်တဲ့ အိပ်မက်လေးဟာ အကောင်အထည်ပေါ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ မန်ချက်စတာကလပ်ကနေ သူ့ကို ကမ်းလှမ်းလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖိုအတွက် အင်္ဂလန်ကို သွားဖိုလုပ်ဆောင်ရာကနေ အထက်မှာ ဖော်ပြထားတဲ့ တော်လှန်ရေးသမားတွေနဲ့ ဘယ်လိုမျိုး ဆက်စပ်သွားမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
