

Detective Dee and The Red Eye
Synopsis
Wu Zetian ဘုရင်မကြီး အုပ်စိုးနေချိန်မှာ “မျက်လုံးနီသတ္တဝါ” နဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အမှုတွေ ပေါ်ပေါက်လာပါတယ်။ Detective Dee က ဒီအမှုကို စုံစမ်းဖော်ထုတ်ရင်း နန်းတွင်းအာဏာလုယူဖို ကြိုးစားနေတဲ့ ကြီးမားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုနဲ့ပါ ရင်ဆိုင်ရပါတယ်။ ဒီကားက Detective Dee ရဲ့ စုံထောက်စွမ်းရည်နဲ့ တရုတ်ရှေးခေတ် wuxia action ပုံစံကို ပေါင်းစပ်ထားတဲ့ mystery action ကားတစ်ကားပါ။ “Red-Eyed Monster” ဆိုတဲ့ လျှိဝှက်ဆန်းကြယ်မှုက ဇာတ်လမ်းကို စိတ်ဝင်စားစရာဖြစ်စေပြီး တိုက်ခိုက်ခန်းတွေနဲ့ fantasy အရသာတွေကလည်း ကြည့်ရှုသူကို ဖျော်ဖြေပေးနိုင်ပါတယ်။ ဒါပေမယ့် Detective Dee ရဲ့ နာမည်ကြီးရုပ်ရှင် trilogy တွေလောက်တော့ production quality နဲ့ ဇာတ်လမ်းအနက်မှာ မယှဉ်နိုင်ပါဘူး။ Mystery + Action + Fantasy ကြိုက်သူတွေအတွက် အပန်းဖြေကြည့်ရှုလိုကောင်းတဲ့ Detective Dee ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ လျှိဝှက်ချက်တွေကို အဆုံးထိ စောင့်ကြည့်ရမှာပါ။
