

Dhoom
Synopsis
Bollywood ရဲ့ နာမည်ကြီး Action Franchise တစ်ခုဖြစ်လာစေခဲ့တဲ့ Dhoom (2004) က Motorcycle နဲ့ အလွန်မြန်ဆန်တဲ့ Robbery တွေကို ကျူးလွန်နေတဲ့ Kabir (John Abraham) နဲ့ သူ့အဖွဲကို ရဲအရာရှိ Jai Dixit (Abhishek Bachchan) က လိုက်လံဖမ်းဆီးတဲ့ ဇာတ်လမ်းကို အခြေခံထားပါတယ်။ ဒီကားရဲ့ အားသာချက်ကတော့ Bike Chase Scene တွေ၊ Action Scene တွေ၊ Music နဲ့ John Abraham ရဲ့ Stylish Villain Character ပါ။ အထူးသဖြင့် John Abraham ရဲ့ Kabir ဇာတ်ကောင်က ဇာတ်ကားတစ်ကားလုံးရဲ့ အာရုံစိုက်မှုကို အများကြီးရရှိစေပါတယ်။ ဇာတ်လမ်းပိုင်းမှာတော့ ယနေ့ခေတ် Action Movie တွေနဲ့ယှဉ်ရင် ရိုးရှင်းပေမယ့် 2004 ခုနှစ်အချိန်က Bollywood Action ဇာတ်ကားတွေအတွက်တော့ ထူးခြားတဲ့ Style နဲ့ ကြည့်ကောင်းတဲ့ကားတစ်ကားလို ဆိုနိုင်ပါတယ်။ ဒီကားအောင်မြင်မှုကြောင့်ပဲ နောက်ပိုင်း Dhoom 2 နဲ့ Dhoom 3 တိုပါ ဆက်လက်ထွက်ရှိလာခဲ့ပါတယ်။
