Game Changer

Game Changer

ActionDramaကုလားကားများ
460.6K views·1 episode·4.7·Jan 9, 2025

Synopsis

ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲအိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ မင်းသမီးကတော့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။….. ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုကငချွတ်လေးတွေရှိလို အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။ မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။