Ghost Board

Ghost Board

HorrorThrillerကိုရီးယားဇာတ်ကားများ
3.4M views·1 episode·7.3·Mar 12, 2026

Synopsis

Ghost Board (2026) "မဆော့သင့်တဲ့ ကစားပွဲ... ဆော့မိရင်တော့ သေမင်းဆီမှာ အသက်အပ်ရလိမ့်မယ်" Thai Horror ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်နေ့ကမှ ပူပူနွေးနွေး ရုံတင်ထွက်ရှိထားတဲ့ "Ghost Board (2026)" ဆိုတဲ့ ထိုင်းသရဲကားသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ထိုင်းသရဲကားတွေရဲ့ ထုံးစံအတိုင်း ရိုးရာအငွေ့အသက်တွေနဲ့ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားတာမို Horror Fan တွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Chanathin Wongpoltree က ရိုက်ကူးပုံဖော်ထားပြီး ထိုင်းဆယ်ကျော်သက် လူငယ်သရုပ်ဆောင်တွေက အဓိကပါဝင်ထားတာဖြစ်လို ဇာတ်လမ်းက လူငယ်ဆန်ဆန်နဲ့ တရိပ်ရိပ် ဇာတ်ရှိန်တက်လာမှာပါ။ ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်စု တောနက်ထဲက လူသူမရောက်တဲ့ ရှေးဟောင်းသိမ်ကျောင်းပျက်ကြီးတစ်ခုဆီကို ရောက်သွားရာကနေ အစပျိုးထားပါတယ်။ အဲဒီမှာ ကံဆိုးချင်တော့ ဘယ်သူမှ မကိုင်ရဲတဲ့ ရှေးဟောင်း Board Game တစ်ခုကို မတော်တဆ ရှာတွေ့သွားကြတယ်ပေါ့။ လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ အဲဒီကစားခုံပေါ်က အန်စာတုံးကို လှိမ့်လိုက်မိတဲ့ အခိုက်အတန့်မှာပဲ... နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ အငြိုးကြီးမားတဲ့ ဝိညာဉ်ဆိုးကြီး လွတ်မြောက်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး သူတိုဆော့နေတဲ့ Board Game ဟာ သာမန်ကစားပွဲမဟုတ်တော့ဘဲ တစ်ချက်မှားတာနဲ့ အသက်ပျောက်မဲ့ သေမင်းထောင်ချောက်ကြီးအဖြစ် ပြောင်းလဲသွားတဲ့အခါ... သူတို သူငယ်ချင်းတစ်စု နောက်ထပ် သားကောင်တွေ ထပ်မဖြစ်ခင် ဒီကျိန်စာသင့် ကစားပွဲကြီးကို ဘယ်လို အဆုံးသတ်ရမလဲဆိုတာ အဖြေရှာနိုင်ပါ့မလား။ ဝိညာဉ်ဆိုးရဲ့ရက်ရက်စက်စက် လိုက်လံချေမှုန်းမှုတွေကြားကနေ ဘယ်သူတွေ အသက်ရှင်လျက် အပြင်ကို ပြန်ရောက်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုလိုက်ကြပါဦးစို။