Gorky Resort

Gorky Resort

Thrillerနိုင်ငံခြားဇာတ်ကားများ
91.1M views·1 episode·7·Feb 27, 2026

Synopsis

ဒီဖြစ်ရပ်မှန် ဒုတိယကမ္ဘာစစ်ကားကြီးကို ဒါရိုက်တာ Łukasz Palkowski ရိုက်ကူးထားပြီးတော့ Game of Thrones, The Dark Knight Rises, Peaky Blinders စတဲ့ ကားထဲမှာပါဝင်တဲ့ နာမည်ကြီးသရုပ်ဆောင် Aidan Gillen နဲ့ ပိုလန်နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Suicide Room ထဲက Cold War (2018) က Jakub Gierszał, Psy (Pigs) က Tomasz Kot စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါသည်။ ဇာတ်လမ်းက ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ခါစ အချိန်ကို နောက်ခံထားတာပါ။ ဆိုဗီယက်ယူနီယံ (Soviet) တပ်မတော်က ပိုလန်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာပြီးနောက်ပိုင်း ပိုလန်စစ်သားတွေ၊ အထက်တန်းလွှာတွေကို ဖမ်းဆီးပြီး သုံပန်းစခန်း (Camp) တွေထဲမှာ ပိတ်လှောင်ထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်အိမ်ကတော့ အဲဒီစခန်းထဲက ပိုလန်စစ်ဗိုလ်ရှိတ်တစ်ဦး နဲ့ သူ့ကို စစ်ဆေးမေးမြန်းပြီး စိတ်ဓာတ်ချိုးနှိမ်ဖို ကြိုးစားတဲ့ ဆိုဗီယက်စုံစမ်းစစ်ဆေးရေးမှူး (Aidan Gillen) တို နှစ်ယောက်ကြားက "ဉာဏ်ပြိုင်ပွဲ" (Psychological Chess Match) ကို အဓိက ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဆိုဗီယက်ဘက်က ပိုလန်အရာရှိကို သူတိုရဲ့ ကွန်မြူနစ်ဝါဒထဲ ဝင်လာအောင်၊ သစ္စာဖောက်လာအောင် နည်းမျိုးစုံနဲ့ စိတ်ပညာသုံးပြီး ဖိအားပေး နှိပ်စက်ပုံကို ရင်တထိတ်ထိတ် မြင်တွေ့ရမှာပါ။