

New World (2013)
Synopsis
နိုင်ငံအတွင်း အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းကြီးရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကိုရီးယားနိုင်ငံရဲ့ အင်အားအကြီးဆုံး မြေအောက်မာဖီးယားဂိုဏ်း Goldmoon ရဲ့ ဥက္ကဋ္ဌ ကွယ်လွန်သွားပြီးနောက်... ဂိုဏ်းအတွင်း ဩဇာအရှိဆုံးဖြစ်တဲ့ နံပါတ် (၂) နေရာက သွေးအေးလူမိုက် Jung Chung နဲ့ သူ့ကို အမြဲပြိုင်ဆိုင်နေတဲ့ အုပ်စုတွေကြား ခေါင်းဆောင်သစ်ဖြစ်ဖို ပြင်းထန်တဲ့ အားပြိုင်မှုတွေ စတင်လာချိန်ဂိုဏ်းထဲမှာ ရဲအရာရှိချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက သူလျှိအဖြစ် ဝင်ရောက်အခြေချနေထိုင်ပြီး Jung Chung ရဲ့ ညာလက်ရုံးအထိ ဖြစ်လာခဲ့တဲ့ ရဲအရာရှိ Ja-sung တစ်ယောက် ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းချင်တဲ့ ရဲတပ်ဖွဲရဲ့ အသုံးချခံ ဖိအားပေးမှုတွေနဲ့ မိမိအပေါ် ညီအစ်ကိုအရင်းလို သစ္စာရှိရှိ ယုံကြည်ပေးထားတဲ့ ဂိုဏ်းခေါင်းဆောင် Jung Chung တိုကြား ဘယ်ဘက်ကို ရွေးချယ်မလဲကိုရီးယား နာမည်ကြီး မာဖီးယားရုပ်ရှင်ကောင်း ဖြစ်ပါတယ်။
