One Week Friends

One Week Friends

Dramaကိုရီးယားဇာတ်ကားများ
5.5M views·1 episode·6·Jun 18, 2022

Synopsis

ဂျပန်နာမည်ကြီး မန်ဂါဇာတ်လမ်းကို တရုတ်ဗားရှင်းအနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားပြီး၊ ကျောင်းသားဘဝရဲ့ သန့်စင်တဲ့ သံယောဇဉ်နဲ့ ခိုင်မာတဲ့ သူငယ်ချင်းမေတ္တာကို ရင်ထဲထိအောင် ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူအသစ်လေး လင်းရှန်းဟာ တစ်ပတ်ပြည့်တိုင်း သူငယ်ချင်းတွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေအားလုံး မေ့ပျောက်သွားတတ်တဲ့ ထူးဆန်းတဲ့ စိတ္တဇရောဂါဝေဒနာကို ခံစားနေရသူ ဖြစ်ပါတယ်။ ဒါကို သိရှိသွားတဲ့ အကောင်းမြင်တတ်တဲ့ ကျောင်းသား ရှူယွန်းနဲ့ သူ့ရဲ့သူငယ်ချင်းတစ်စုဟာ လင်းရှန်းကို အထီးကျန်မနေစေဘဲ အပတ်တိုင်းမှာ သူငယ်ချင်းအသစ်အဖြစ်နဲ့ အမှတ်တရအသစ်တွေကို ထပ်ဖန်တလဲလဲ ဖန်တီးပေးပြီး ကူညီဖို ကြိုးစားကြပါတော့တယ်။ ရိုးရှင်းပြီး နွေးထွေးတဲ့ ကျောင်းသားဘဝ အငွေ့အသက်တွေ၊ ရင်နင့်စရာ လျှိဝှက်ချက်တွေနဲ့အတူ သရုပ်ဆောင်တွေရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့် ကြည့်ရှုသူတွေကို ရင်ခုန်သံအသစ်တွေ ပေးစွမ်းနိုင်မယ့် အချစ်ဒရမ်မာ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။