Scary Movie

Scary Movie

Comedyနိုင်ငံခြားဇာတ်ကားများ
4.4M views·1 episode·6.5·Jun 3, 2026

Synopsis

ဇာတ်လမ်းအစမှာတင် ဆင်ဒီရဲ့ သမီးငယ် 'Tuesday' (Wednesday ဇာတ်ကောင်ကို နောက်ထားတာ) ဟာ Ghostface လူသတ်သမားရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီး ဆေးရုံရောက်သွားတယ်။ အဲဒီသတင်းကို Tuesday ရဲ့ အစ်မဖြစ်သူ ဆာရာ (Sara) နဲ့ သူ့ရည်းစား ဂျက် (Jack) တို ကြားသွားတဲ့အခါ အရင်တုန်းက အဖြစ်ဆိုးတွေ ပြန်စလာပြီဆိုတာ သိလိုက်ကြတယ်။ ဆာရာက သူတိုရဲ့ အမေ စင်ဒီ (Cindy) ဆီကို သွားရှာပါတော့တယ်။ အခုချိန်မှာ စင်ဒီက အရမ်းကို သံသယလွန်ကဲနေပြီး အိမ်မှာ ထောင်ချောက်တွေ အပြည့်ဆင်ထားတဲ့ လူအိုကြီးတစ်ယောက် ဖြစ်နေပါပြီ (Halloween ကားထဲက Laurie လိုမျိုးပေါ့)။ ဒီလိုနဲ့ Ghostface ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို ဆင်ဒီရယ်၊ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဘရန်ဒါ၊ ရေး နဲ့ ရှော့တီတို ပြန်လည်ပူးပေါင်းမိကြပါတယ်။ ဒီကားထဲက Ghostface က အရင်ဇာတ်ကောင်ဟောင်းတွေကိုပါ လိုက်သတ်ဖို ကြိုးစားလာတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာဆိုရင် ရှော့တီ ဆေးလွန်ပြီး ကေပေါ့ပ် (KPop) သရဲဖမ်းသမားတွေလို အာရုံချောက်ခြားတဲ့ အခန်းတွေ၊ Ghostface က ခေတ်သစ် အယူအဆတွေကို သည်းမခံနိုင်လို မြေအောက်ရထားပေါ်မှာ လူလိုက်သတ်တဲ့ အခန်းတွေနဲ့ တခြား ဟာသပြကွက်တွေ အများကြီး ပါဝင်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို နာမည်ကြီးရုပ်ရှင်မျိုးစုံကို လှောင်ပြောင်ထားပြီး ခေါင်းစားမခံဘဲ ခွီချင်တဲ့သူတွေအတွက်ရော ၉၀ အလွမ်းပြေအနေနဲ့ရော လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။