

Song of the Assassins
Synopsis
ဒီတစ်ခါ Channel Myanmar ကတင်ဆက်ပေးမဲ့ Song Of The Assassinsဇာတ်ကားလေးက Prince of Lan Lingမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ပြန်လည်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာ လှည့်ကွက်တွေများစွာနဲ့ အကွက်ချခံနေရတဲ့ မင်းသား ချင်းမန့်ရှိးလော် ချီကျွင်းယွမ်ရဲ့ ဇာတ်ကြောင်းကိုအဓိကပြသထားတာဖြစ်ပါတယ် ချီကျွင်းယွမ်က မုန်းတီးမှုများစွာနဲ့ လီဟန့်ဂူဆိုတဲ့နေရာမှာ ထိပ်တန်းလူသတ်သမားအဖြစ်ရပ်တည်နေတဲ့ ဆရာကြီးတစ်ယောက်ပါ ငယ်စဉ်အခါက ကြေးပြားမြေပုံ (ရှေးဟောင်းမြေပုံ) ဆိုတဲ့ မြေပုံတစ်ခုကြောင့် ချီမျိုးနွယ်စုအားလုံး မင်းသားရဲ့ မိသားစုတွေက အသတ်ခံလိုက်ရတာပါ အဲ့မြေပုံရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာကိုတော့ Song Of The Assassins ရဲ့အကွက်ပေါင်းများစွာနဲ့ အံ့ဩပြီး ဆက်လက်ကြည့်ရှုဖိုဖိတ်ခေါ်လိုက်ပါတယ်"
