

Squid Game
Synopsis
Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို ဖြစ်လာခဲ့ပါတယ်။ ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို ဖြစ်လာခဲ့ပါတယ်။ Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ ဒီဂိမ်းကို ဘာလို ကင်းမွန်လို နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလိုပါပဲ။ Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။ သွေးထွက်သံယို အခန်းတွေ ပါတာမို အသည်းငယ်သူတွေတော့ မကြည့်သင့်ပါဘူး
