

Thalainagaram 2
Synopsis
ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် Thalainnagaram ဆိုတဲ့အိန္ဒိယအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ တမေးလ်နာဒူက ချန်နိုင်းမြိုကြီးရဲ့တောင်ပိုင်း မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ နန်ဂျွန်ဒါ မာရန်နဲ့ ဗမ်စီဆိုတဲ့လူဆိုးကြီးသုံးယောက်အုပ်စိုးနေတာပါ။ ရာဇဝတ်မှုတွေ လက်မရွံတမ်းကျူးလွန်ကြတယ်။ငွေတုတွေထုတ်တယ်။ပြန်ပေးဆွဲကြ လူသတ်ကြပါတယ်။အဲ့ဒါကိုသိနေတဲ့ရဲအရာရှိတွေလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့လိုနဲ့ သူတိုသုံးယောက်ဟာ လောဘတွေတက်လာပြီးချန်နိုင်းတစ်မြိုလုံးကို အုပ်စိုးချင်လာတယ်။ကျန်တဲ့နှစ်ယောက်ကို ဖယ်ထုတ်ပစ်ချင်လာကြပါတယ်။အဲ့လိုနဲ့ အာဏာတွေပြိုင်ကြရင်း အမှန်တရားရဲ့လူဆိုးကြီး ရိုက်ဆိုသူနဲ့သွားရှုပ်မိပါတော့တယ်။ သူ့ကိုလာထိရင် လုံးဝငြိမ်မခံတတ်တဲ့ လက်မရွံလူဆိုးကြီးနဲ့ ဟိုအာဏာရူးဗီလိန်၃ယောက်ကြားက ပြိုင်ဆိုင်မူ တိုက်ခိုက်မှုတွေကို အားရပါးရကြည့်ရှုရမှာ ဖြစ်ပါတယ်။ကြည့်ရင်းကြည့်ရင်း သူချကိုယ်ချ အတော်အားရစရာကောင်းတဲ့ အက်ရှင်ကားကြီးဖြစ်လို လက်လွှတ်မခံကြဖိုပြောချင်ပါတယ်။
