

The Boroughs
Synopsis
သဲထိပ့်ရင်ဖို စီးရီးအသစ် The Boroughs (2026) စဆုံး ဒီဇာတ်လမ်းတွဲလေးမှာတော့ လူသူမနီးတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ သက်ကြီးရွယ်အို အဖိုးအဖွားတွေ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဖိုစိတ်လှုပ်ရှားစွာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာရိုးစ်ဆိုတဲ့ ဘိုးဘွားရိပ်သာဟာ သက်ကြီးရွယ်အိုတွေအတွက် သူတို့ရဲ့ နောက်ဆုံးလက်ကျန်အချိန်လေးမှာ အေးအေးချမ်းချမ်း ရေမလိုမီးမလို ပြုစုမဲ့ ဝန်ထမ်းတွေနဲ့ ပြည့်စုံတဲ့ မြို့ငယ်လေးတစ်ခုစာ ရိပ်သာလေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆမ် ကူပါးကတော့ ဇနီးဖြစ်သူ မထင်မှတ်ပဲ ဆုံးသွားတဲ့အခါမှာ သူ့ဇနီးဖြစ်သူရဲ့ ဒီဘာရိုးစ်ဆိုတဲ့ ရိပ်သာမှာ နှစ်ယောက်သား ဘဝကို အတူကုန်ဆုံးသွားချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တစ်ယောက်တည်း လာနေဖြစ်ခဲ့ပါတယ်။ ဆမ်တစ်ယောက် နေရာအသစ်မှာ နေသားကျအောင် ကြိုးစားရင်း ဘဝကို အေးအေးဆေးဆေး ကုန်ဆုံးသွားဖို့ ဆုံးဖြတ်လိုက်ခါမှ ဒီဘိုးဘွားရိပ်သာဟာ သူထင်ထားသလို မဟုတ်ပဲ ဖြစ်ရပ်ဆန်းတွေ ရှိနေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။ ဒီတော့ ဆမ်အနေနဲ့ ဘာတွေများ ဘယ်လိုကြုံတွေ့ပြီး ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
