

The legend of Qingcheng
Synopsis
The Legend of Qingcheng (2025) တရုတ် Fantasy, Action နဲ့ Romance အရသာတွေကို ပေါင်းစပ်ထားတဲ့ The Legend of Qingcheng (昆仑传) က ၉၁ မိနစ်ခန့်ကြာတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ လူ့လောကနဲ့ အခြားကမ္ဘာတွေကြား အကာအကွယ်ဖြစ်နေတဲ့ Other Shore Flower ရဲ့ စွမ်းအားကုန်ခမ်းလာတဲ့အခါ မကောင်းဆိုးဝါးတွေက လူ့လောကထဲ ဝင်ရောက်ဖို ကြိုးစားလာပါတယ်။ Jiang Chen နဲ့ Qing Luan တိုက အန္တရာယ်တွေကြားကနေ Flower Soul ကို ရှာဖွေရင်း ကြီးမားတဲ့ စွန့်လွှတ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ Fantasy ကမ္ဘာတည်ဆောက်ပုံနဲ့ တိုက်ခိုက်ခန်းတွေက စိတ်ဝင်စားစရာကောင်းပြီး Romance ဇာတ်ကြောင်းကလည်း ဇာတ်လမ်းကို ပိုပြီးခံစားချက်ရှိစေပါတယ်။ ဇာတ်လမ်းအရှိန်က မြန်မြန်ဆန်ဆန်သွားတာကြောင့် အချိန်တိုအတွင်း Fantasy Adventure တစ်ကားကြည့်ချင်သူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအချိုကို ပိုပြီးအသေးစိတ်ဖော်ပြပေးခဲ့ရင် ပိုကောင်းမယ်လို ခံစားရနိုင်ပါတယ်။
