Vampire Knight

Vampire Knight

ActionAdventureFantasyDramaSci-FiMysteryAnime များ
9.4M views·26 episodes·8.2·Apr 8, 2008

Synopsis

ဆောင်းရာသီရဲ့ချမ်းအေးတဲ့ညတစ်ညမှာ Yuki ဆိုတဲ့ကောင်မလေးဟာ vampire တစ်ယောက်ရဲ့တိုက်ခိုက်တာနဲ့ရင်ဆိုင်ကြုံတွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ Kaname ဆိုတဲ့ vampire ကပဲ သူမကိုကယ်တင်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ Yuki က Kaname ကိုကြွေသွားပါတော့တယ်။ ဒီလိုနဲ့ ၁၀ နှစ်ကြာပြီးတဲ့နောက် Yuki ကို Cross Academyရဲ့ ကျောင်းအုပ်ဆရာကြီး Kaien Cross ကမွေးစားခဲ့ပါတယ်။ Yuki ဟာ Cross Academy ရဲ့guardian အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ Cross Academy ကို day class နဲ့ night class ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။ Day classကတော့ နေ့ခင်းဘက်ကို ပုံမှန်ကျောင်းသားကျောင်းသူတွေတက်ပေမယ့် night class ကတော့ Kaname နဲ့သူရဲ့ vampire သူငယ်ချင်းတွေတက်တာပါ။ Kaname က vampireအားလုံးရဲ့ president ပါ။ ဒါပေမယ့် day classကကျောင်းသား/သူတွေက night class ရဲ့လျှိဝှက်ချက်ကိုမသိပါဘူး။ တစ်ဖက်မှာလည်း Yuki ရဲ့သူငယ်ချင်းအဖြစ် Yuki ကိုသံယောဇဉ်တွယ်နေတဲ့ Zero Kiryu ဆိုတဲ့ကောင်လေးရှိပါတယ်။ သူကလည်း guardian ပါပဲ။ Zero မှာနာကျင်စရာကောင်းတဲ့ အတိတ်ရှိခဲ့ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးလုံးကို vampire သတ်ခဲ့တာပါပဲ။ သူကတော့လွတ်လာခဲ့ပြီး Cross Academy ကပဲခေါ်ယူခဲ့ပါတယ်။ ဒီလို ကလေးဘဝတုန်းကအတိတ်မှာ နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးကြောင့် Zero က vampire​တွေဆို နာကျည်းမုန်တီးနေသူပါ။ ဒါပေမယ့် Zeroမှာလည်း လျှိဝှက်ချက်တစ်ခုရှိပါ​သေးတယ်။ ဒါ့အပြင်သူက vampire ​တွေအပေါ်မှာလည်းမယုံကြည်ပါဘူး။ ဒါကြောင့် သူတိုသုံးယောက်ကြား ဘယ်လိုဆက်နွယ်ပက်သက်မလဲ။ သူတိုရဲ့အမြင်တွေ၊ လူသားတွေနဲ့ vampire တွေကြား အတူတကွပေါင်းစည်းနေတာကရော ထာဝရတည်မြဲနိုင်ပါ့မလား။ Night classရဲ့နောက်ကွယ်မှာရော နက်ရှိင်းတဲ့အမှန်တရားရှိ​နေမလားဆိုတာ...