

Vikram Vedha
Synopsis
ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတိုကအဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား... ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်။ ဗစ်ကရမ်... သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင်လက်ရွံတွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာအားကိုးရတဲ့ရဲတစ်ယောက်... ဗေဒါး.... သူဟာလည်း လက်ခနောင်းမြိုတခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြိုနေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်... လက်ခနောင်းမြိုနယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်းသတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြိုနေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်... ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို ရဲဌာနကနေ အထူးတပ်ဖွဲတစ်ဖွဲ ဖွဲစည်းလိုက်တယ်..တပ်ဖွဲရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖိုပဲ... အဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို အကြောင်းဖန်လာပါတော့တယ်...
