Wednesday

Wednesday

FantasyComedySci-FiMysteryနိုင်ငံခြားဇာတ်ကားများ
9.0M views·16 episodes·8.3·Nov 23, 2022

Synopsis

ဒီစီးရီးကတော့ နာမည်ကျော် အဒမ်စ်မိသားစုထဲက သမီးဖြစ်သူWednesday ကို အဓိက ဇာတ်ကောင်အဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဒမ်စ်မိသားစုကို ရုပ်ရှင်တွေ၊ ကာတွန်းတွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးသူတွေရှိမှာပါ။ စွမ်းအားကိုယ်စီနဲ့၊ ပေါက်ကရ ဂွစာတွေ၊ လူ့ကန့်လန့်တွေပါပဲ။ ရယ်လည်းရရသလို ကြောက်ဖိုလည်းကောင်းပါတယ်။ ဒီစီးရီးကို အဓိက ရိုက်ကူးသူကတော့ ဒါရိုက်တာ တင်ဘာတန်ပါပဲ။ သူ့ကိုမသိကြရင်တောင် သူရိုက်ခဲ့တဲ့ Corpse Bride,Edward Scissorhands, Frankenweenie, Sweeney Todd: The Demon Barber of Fleet Street တိုလို ထူးထူးခြားခြား ကျောချမ်းစရာဇာတ်လမ်းတွေကို သိကြမှာပါ။ ဒီစီးရီးကလည်း သူ့လက်ရာဖြစ်နေတာရယ် ကမ္ဘာကျော် ဇာတ်ကောင်ဖြစ်နေတာရယ်ကြောင့် လူအတော်များများ စောင့်မျှော်နေကြပါပြီ။ ဇာတ်လမ်းအကျဉ်း Wednesday ဟာ လူသတ်မှုနဲ့ ကျောင်းကနေ အထုတ်ခံရပြီး သင်းကွဲတွေ လူထူးဆန်းတွေချည်းပဲ တက်တဲ့ နဲဗားမောဆိုတဲ့ကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲဒီကျောင်းအုပ်ဟာ သူ့ရဲ့အမေနဲ့ ကျောင်းနေဖက်ဖြစ်ခဲ့ပြီး၊ သူ့အမေနဲ့အဖေကလည်း ဒီကျောင်းမှာပဲ တွေ့ပြီး ချစ်မိခဲ့ကြတာပါ။ အဲဒီကျောင်းမှာ သွေးစုတ်ကောင်တွေ၊ ဝံပုလွေတွေလို သဘာဝလွန်မျိုးနွယ်တွေ လာစုနေကြတာဖြစ်ပါတယ်။ အဲဒီကျောင်းပတ်လည်မှာတော့ ထူးထူးဆန်းဆန်း လူတွေတစစီလုပ်ပြီး အသတ်ခံရတဲ့အမှုတွေ ဖြစ်နေပါတယ်။ Wednesday တစ်ယောက် ကျောင်းကိုရောက်အပြီးမှာတော့ သဘာဝလွန်ပဟေဠိတွေ ကြောက်စရာဖြစ်ရပ်တွေနဲ့ တွေ့ကြုံပြီး ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦး။